အသေးစိတ်အချက်အလက်များ
ခေါင်းလောင်းအမည်
သာယာဝတီမင်းခေါင်းလောင်း
အလေးချိန်
၂၅၄၄၀ ပိဿာ၊ (၄၂) တန်
အကျယ်
၇ ပေ ၈ လက်မ
အမြင့်
၈ ပေ ၆ လက်မ
တည်နေရာ
မြောက်ဘက်မုခ် နောင်တော်ကြီးစေတီတော်အနီး
Category
ခေါင်းလောင်းကြီးများ | ဖူးမြော်ရန်နေရာများ
သာယာဝတီမင်းခေါင်းလောင်းသည် ရွှေတိဂုံစေတီတော် တနင်္ဂနွေအရပ်တွင် ရှိသည်။ သာယာဝတီ မင်းသည် ရွှေတိဂုံစေတီတော်သို့ ၃-၁၀-၁၈၄၁ တွင် တက်ရောက်ဖူးမြော်သည်။ ရန်ကုန်တွင် စိုးစံရင်း ခေါင်းလောင်းကြီးကို သွန်းလောင်းစေသည်။ ၂၂-၁-၁၈၄၂ တွင် အမရပူရသို့ ပြန်ကြွသွားသော်လည်း ခေါင်းလောင်းကြီးကို လူယုံများဖြင့် ဆက်လက်သွန်းလောင်းစေသည်။ ၁၉-၂-၁၈၄၃ တွင် သာယာဝတီ မင်းကိုယ်စား အသည်ဝန်မဟာစည်သူနှင့် ပန်းတဉ်းဝန်တို့က ရွှေတိဂုံစေတီတော်သို့ ကပ်လှူခဲ့သည်။ ခေါင်းလောင်းကြီး၏ ဘွဲ့တော်အမည်မှာ မဟာတိသဒ္ဒဃဏ္ဏဖြစ်ပြီး ခေါင်းလောင်းတိုင်ရှိပဉ္စရူပအမြင့်သည် ၉ ပေ ၁ လက်မ ရှိပါသည်။